Search
  • Thant Myint-U

ISP Myanmar ၏ ယောမင်းကြီးဇရပ် ဆွေးနွေးပွဲသို့ ပေးပို့ခဲ့သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြောကြားချက်

Updated: Jun 23

01 November 2019


ယခုကဲ့သို့ စကားပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လူကိုယ်တိုင် မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ယခုပြောကြားရမယ့် ခေါင်းစဉ်ဟာ ရာသီဥတု ပြောင်းလဲမှုအကြောင်း ဖြစ်တဲ့အတွက် အတော်လေး ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိမှာ စိန်ခေါ်မှုကြီးလေးရပ်ကို ရင်ဆိုင်နေရပါတယ်။ အဲဒီစိန်ခေါ်မှုများဟာ တစ်ခုနှင့်တစ်ခုလည်း ဆက်စပ်နေကြပါတယ်။ (၁) တန်းတူညီမျှတမှုမရှိခြင်း (၂) မြန်မာနှင့် တရုတ်အကြား နည်းပညာအရသော်လည်းကောင်း၊ စီးပွားရေးရသော်လည်းကောင်း ကွာဟမှုရှိနေခြင်း၊ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင် လက်ရှိအချိန်မှာ နိုင်ငံကြားထိုကွာဟမှုဟာ အကြီးမားဆုံးအခြေအနေတွင် ရှိနေပါတယ်။ (၃) လူအစားထိုး အလိုအလျောက်လုပ် စက်ကိရိယာ အသုံးပြုခြင်းစနစ်(Automation) နှင့် ဉာဏ်တု (Artificial Intelligence) အသုံးပြုခြင်းစနစ်တို့ကြောင့် ကမ္ဘာ့စီးပွားရေးစနစ် ပြောင်းလဲလာခြင်း၊ ထိုအရာများကြောင့် မြန်မာနိုင်ငံမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရတဲ့ အရည်အသွေးနိမ့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အလုပ်အကိုင်များ ထိခိုက်မှုများစွာ ဖြစ်ပါမယ်၊ (၄) ရာသီဥတုပြောင်းလဲလာခြင်းတို့ ဖြစ်ပါတယ်။ ထိုစိန်ခေါ်မှု ၄ ချက်စလုံးဟာ အရေးကြီးပေမယ့်လည်း ထိုအထဲမှာ ရာသီဥတုအပြောင်းအလဲဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ရာသီဥတု ဘေးဒဏ်များဟာ လာမယ့်ရာစုနှစ်များ၊ ဆယ်စုနှစ်များ ကြာမှမဟုတ်ဘဲ လာမယ့်နှစ်များအတွင်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ယနေ့မှာ မြန်မာပြည်အနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ အချက်အလက်များကို မှတ်မိဖို့လိုပါတယ်။ နောက်ဆုံးအကြိမ် ကမ္ဘာကြီးမှာ ရာသီဥတု အကြီးအကျယ် ပြောင်းလဲမှုဖြစ်ပေါ်တာဟာ နောက်ဆုံး ရေခဲခေတ် (Ice Age) အဆုံးကာလမှာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ အပူချိန် ၅ ဒီဂရီဆယ်လ်စီးယပ်စ် ပိုမိုပူနွေးလာခဲ့တုန်းက ဖြစ်ပါတယ်။ ထိုရာသီဥတုအပြောင်းအလဲကာလဟာ နှစ်ပေါင်း ထောင်နှင့်ချီကြာ ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က စတင်ပြီး ကမ္ဘာမြေကြီးရဲ့ ဥတုရာသီဟာ အတော်လေး တည်ငြိမ်မှုရှိ မဖောက်ပြန်ခဲ့တာဟာ ယနေ့အထိပါပဲ။ လူ့အဖွဲ့အစည်းများ ယဉ်ကျေးမှုရှိလာ တိုးတက်လာတာဟာ တိုက်ဆိုင်မှုတစ်ရပ်အနေနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ရာသီဥတု တည်ငြိမ်မှုရှိနေတဲ့ကာလအတွင်း စိုက်ပျိုးရေး၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ ဖြစ်ပွားလာခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရာသီဥတုဟာ မယုံနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ မြန်ဆန်စွာ ဆိုးရွားလာလျက်ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို ကြည့်မယ်ဆိုရင် ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကြောင့်သာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို အဓိကဖြစ်ပေါ်စေတာကတော့ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် တရုတ်တို့မှ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စသည့် ရုပ်ကြွင်းလောင်စာ (Fossil Fuels)များကို အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ဆိုးကျိုးများကို သက်ရောက်စေခဲ့ပြီး ဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများ မြင့်တက်လာနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ တန်ပေါင်း ၄၀ ဘီလီယံနီးပါး ထုတ်လွှတ်မှုရှိခဲ့ပါတယ်။ Inter-governmental Panel on Climate Change or IPCC ဆိုသည်မှာ ရာသီဥတု ပြောင်းလဲခြင်းကို ပူးပေါင်းအဖြေရှာရန် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင် ထောင်ပေါင်းမြောက်မြားစွာကို စုစည်းထားသော ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ယမန်နှစ်က ယင်းအဖွဲ့က ကမ္ဘာ့အပူချိန်ဟာ စက်မှုလက်မှုအကြိုခေတ်ကထက် ၁.၅ ဒီဂရီဆယ်လ်စီးယပ်စ် မြင့်တက်လာသည့်အချိန်ဟာ နောက်ကြောင်းပြန်လှည့်မရတော့ဘဲ တစ်ဆစ်ချိုးကာလဖြစ်ကြောင်း သတိပေးထားခဲ့ပါတယ်။ လက်ရှိမှာ အပူချိန် ၁ ဒီဂရီ ပိုမိုမြင့်တက်သွားခဲ့ပါပြီ။ လက်ရှိအတိုင်း မပြောင်းမလဲ ဆက်သွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် ၁.၅ ဒီဂရီဆယ်လ်စီးယပ်စ်အထိ မြင့်တက်လာပါလိမ့်မယ်။ ထိုတစ်ဆစ်ချိုးကာလ မရောက်ရှိအောင် ကာကွယ်ဖို့ရာ အချိန် ၁၁ နှစ်သာ ကျန်ပါတော့တယ်။ ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ကာကွယ်ဖို့ရာ လူ့သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ နှုန်းထားနှင့် စီးပွားရေးစနစ်များ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် တရုတ်တို့က အပြောင်းအလဲများကို ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ယင်းမှာ ဖြစ်နိုင်ခြေရှိသော်လည်း ဖြစ်နိုင်ဖို့တော့ ခဲယဉ်းလှပါတယ်။ အဆိုပါတစ်ဆစ်ချိုးကာလ ရောက်ရှိသွားမယ်ဆိုရင် ၂ ဒီဂရီ၊ ၃ ဒီဂရီ၊ ၄ ဒီဂရီအထိပင် ပိုမိုပူနွေးမလာအောင် ဟန့်တားဖို့ရာ တဖြည်းဖြည်း ခက်ခဲလာပါလိမ့်မယ်။ ကမ္ဘာကြီးဟာ လက်ရှိရာစုနှစ်လယ် မတိုင်ခင် ၂ ဒီဂရီ ပူနွေးလာမယ်ဆိုရင် မြန်မာနိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေသွားစေနိုင်ပါတယ်။ ထိုအခြေအနေမှာ နာဂစ်ကဲ့သို့ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းများ၊ ပြင်းထန်သော လေပြင်းမုန်တိုင်းများ ဖြစ်ပွားမှု အကြိမ်အရေအတွက် များလာပါလိမ့်မယ်။ နှစ်စဉ်နီးပါး ဖြစ်ပွားကောင်း ဖြစ်ပွားနိုင်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှာ ဖြစ်ပြီး ရလဒ်အနေဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းနှင့် ရန်ကုန်မြို့ အနီးဝန်းကျင်အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသ အတော်များများ ရေအောက်သို့ လုံးဝမြုပ်သွားပါလိမ့်မယ်။ မခံမရပ်နိုင်လောက်သော အပူဒဏ်လွန်ကဲမှု တစ်နှစ်လျှင် ရက်သတ္တပတ်ပေါင်းများစွာ တင်မကဘဲ လပေါင်းများစွာကြာ ဖြစ်ပေါ်ပါလိမ့်မယ်။ အပူချိန် လွန်ကဲခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့်သာမက အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပွားတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိုးနည်းဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတို့မှာ စားသုံးသီးနှံ စိုက်ပျိုး မရနိုင်အောင် ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရှိ တိရစ္ဆာန်မျိုးစိတ်များ အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်း ဖြစ်ပွားပါလိမ့်မယ်။ ရောဂါအသစ်များလည်း ပြန့်ပွားလာပါမယ်။ ရာသီဥတု ပြောင်းလဲလာမှုကို နောက်ကြောင်းပြန်မလှည့်နိုင်ပါက၊ ကမ္ဘာ့ဂြိုလ် အပူချိန် ၄ ဒီဂရီ မြင့်တက်လာပါက မြန်မာနိုင်ငံ အစိတ်အပိုင်းအတော်များများမှာ လူနေထိုင်ရန် ဖြစ်နိုင်မည် မဟုတ်တော့ပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ သာမက ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ရှိတော့မည် မဟုတ်ပါ။ ရန်ကုန်မြို့ဟာ ကျွန်းတစ်ခုအဖြစ်သာ ကျန်ခဲ့ပါတော့မယ်။ နိုင်ငံရဲ့ အလယ်ဗဟိုဒေသဟာ လူသားများနှင့် တိရစ္ဆာန်အများစု အသက်ရှင်နေထိုင်လို့ မရလောက်အောင် ပူပြင်းနေပါလိမ့်မယ်။ သန်းပေါင်း မြောက်မြားစွာသော လူသားတို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်းကို တွေ့ရပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အရေးပေါ်အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်ပြီး သဘာဝဘေးဒဏ် ဒုက္ခသည် သန်းပေါင်း ရာနှင့်ချီ ထွက်ပေါ်လာပါလိမ့်မယ်။ ယခုရာစုနှစ် မကုန်ခင် ယနေ့ခေတ်လူငယ်များ၏ သက်တမ်းအတွင်းမှာပင် ကမ္ဘာကြီးဟာ ၄ ဒီဂရီ ပိုမိုပူနွေးလာနိုင်ခြေ ရှိပါတယ်။ ကမ္ဘာ့ရာသီဥတု ဘေးအန္တရာယ်များ မဖြစ်ပေါ်အောင် တွန်းလှန်ဖို့ရာတွင် လူသားများအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ အသစ်အသစ်သော နည်းပညာများက ကမ္ဘာ့ဥတုရာသီကို ပြန်လည်ပြုပြင်နိုင်မည့် နည်းလမ်းများ ရှာဖွေရာတွင် အထောက်အကူဖြစ်နိုင်ပါတယ်။ ချမ်းသာသောနိုင်ငံများရဲ့ မြို့ကြီးပြကြီးများ၊ စီးပွားရေးကိုလည်း တိုး၍ သက်ရောက်မှုဖြစ်စေနေတဲ့အတွက် နိုင်ငံခေါင်းဆောင်များအနေဖြင့် မဖြစ်မနေ အရေးယူဆောင်ရွက်ရမယ်လို့ ခံစားလာရနိုင်ပါတယ်။ ချမ်းသားတဲ့နိုင်ငံများကို ကယ်တင်ဖို့ အချိန်ရှိကောင်း ရှိနေနိုင်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ အချိန်နှောင်းသွားနိုင်ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းရဲ့ ဆိုးဝါးသောအကျိုးဆက်များကို ခံစားရမယ့် နိုင်ငံပေါင်း ၂-၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ထိုနိုင်ငံများအနက် မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးသော နိုင်ငံဖြစ်နေပါသေးတယ်။ ရာသီဥတုဆိုင်ရာ တရားမျှတမှုဆိုတဲ့ ကိစ္စရပ်ကလည်း ရှိပါသေးတယ်။ ယခုပြောနေတဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာအောင်လို့ မြန်မာနိုင်ငံအနေနဲ့ ပြုလုပ်ခဲ့တာ ဘာမှမရှိသလောက်ပါပဲ။ သို့ပေသိ ဆင်းရဲသော ကျား၊မ ကလေးသူငယ်များစွာ ပါဝင်သည့် ၅၅ သန်းသော မြန်မာပြည်သူပြည်သားများဟာ ဖြစ်ပေါ်လာမည့် အပူမီးများကို ရင်ဆိုင်ခံစားရမှာ ဖြစ်ပါတယ်။ ယခုကိစ္စကို တစ်ကိုယ်တည်း ရင်ဆိုင်ဖြေရှင်းရန် မြန်မာနိုင်ငံ၌ အရင်းအမြစ်များ မရှိပါ။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအနေနဲ့ ငွေကြေးထောက်ပံ့မှု အလုံးအရင်းကို တောင်းဆိုသင့်ပါတယ်။ ယူကေနှင့် အိုင်ယာလန်တို့က ရာသီဥတုအရေးပေါ်အခြေအနေကို ကြေငြာပြီး ဖြစ်ပါတယ်။ ယင်းနိုင်ငံများကဲ့သို့ အရေးပေါ်အခြေအနေကို မြန်မာနိုင်ငံကလည်း ကြေငြာသင့်ပါတယ်။ ကျွန်တော်တို့ အနာဂတ် အစီအစဉ်များ ချမှတ်သည့်အခါတိုင်း ရာသီဥတုပြောင်းလဲလာခြင်းကို အမြဲထည့်သွင်း စဉ်းစားရပါမယ်။ မြို့ပြများ၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံများနှင့် ပတ်သက်ပြီး စီမံကိန်းရေးဆွဲခြင်းကအစ တိုင်းပြည်ရဲ့ အဆင်းရဲဆုံး၊ အားအနွဲ့ဆုံးလူထုကို မည်ကဲ့သို့ အကောင်းဆုံး ကာကွယ်ပေးနိုင်မလဲဆိုတာအထိ ရာသီဥတုပြောင်းလဲမှုကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာမှုကို ရပ်တန့်စေရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံက ရှေ့တန်းမှ ပါဝင်သင့်ပါတယ်။ ၁ ဒီဂရီ တစ်ဆစ်ချိုးမှတ်တိုင်သို့ ကမ္ဘာကြီး မရောက်ခင် အရေးယူလုပ်ဆောင်ဖို့ မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆုံးမှ မရမနေတောင်းဆိုသင့်ပါတယ်။ ကုလသမဂ္ဂတွင် ရာသီဥတုပြောင်းလဲမှုကို ထိပ်တန်းအရေးကိစ္စ ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းသင့်သလို ဘက်ပေါင်းစုံဆွေးနွေးပွဲများကို ဝိုင်းဝန်းဦးဆောင်သင့်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်ခြင်းဟာ ကမ္ဘာ့ထိပ်တန်းအရေး ဖြစ်ပါတယ်။ တန်းတူညီမျှမှုရရှိရေး၊ ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်သကဲ့သို့ ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်စေရန် ကြိုးပမ်းသည့်တိုက်ပွဲသည် မြန်မာပြည်သူပြည်သား အားလုံးကို တစ်ဝမ်းတစ်သားတည်း ဖြစ်စေတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာခင်ဖြစ်ပေါ်လာတော့မယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာမှာ တတ်နိုင်သမျှ စုပေါင်းအင်အားများ ပေါင်းစည်းပြီး ဆောင်ရွက်ဖို့၊ ကမ္ဘာတစ်ဝန်းရှိ ကြိုးပမ်းအားထုတ်များနှင့် ချိတ်ဆက်ဖို့ လိုကိုလိုအပ်ပါတယ်။ မကြာခင်မှာ အချိန်ကုန်လုနီးပါး ဖြစ်လာပါတော့မယ်။

_________________________


Thank you very much for inviting to give this message.  I'm sorry I am not able to be there in person.

I'm really pleased that climate change has been chosen as today's topic.  Myanmar is today facing four overarching challenges:  (1) inequality (2) the technological and economic gap between Myanmar and China, which is now greater than at anytime in history  (3) the transformation of the global economy as a result of automation and artificial intelligence, something that will devastate the low-skilled manufacturing jobs on which Myanmar depends for development and (4) climate change.

All are important but climate change is the most important.  The impact of climate change on Myanmar will be catastrophic.  And impact will come not over centuries or decades but over years.  Myanmar is today in a climate emergency.

We need to remember the facts:  the world last experienced a major shift in climate at the end of the last Ice Age.  The world then warmed about 5 degrees (celsius).  That transition took place over several thousand years. Since about ten thousand years ago, the earth's climate has been fairly stable.  It is not a coincidence that all of human civilization - including agriculture and the development of cities - has taken place during this period of stable climate.

Now the climate is changing at an incredibly fast rate.  This is overwhelmingly due to CO2 emissions into the atmosphere.  The overwhelming majority of emissions are the result of the burning of fossil fuels by the United States, Europe, and China. 

Most of the damage has been done over the past 25 years.  Each year's emissions is greater than the last, with nearly 40 billion tonnes last year of CO2 pumped into the atmosphere in 2018.  

The Inter-governmental Panel on Climate Change or IPCC is the UN body which brings together thousands of scientists from around the world on this issue.  Last year they warned that an increase in global temperatures of 1.5 degrees Celsius above pre-industrial levels will be a tipping point.  We are already 1 degree warmer.  If nothing changes, we will reach 1.5 degrees by 2030.  

We have 11 years to prevent reaching this tipping point.  This will require the transformation of economies, especially the US, Europe and China, on a scale that has never before taken place in human history.  It's possible, but unlikely.

And if we reach the tipping point, preventing further warming to 2, 3, even 4 degrees will be increasingly difficult.

Even a 2 degree warmer world, which we could reach before mid-century, will be devastating for this country.

We will see intense storms, cyclones like Nargis more and more frequently, perhaps every year.  We will see sea-levels rise, inundating the coastline, parts of the Irrawaddy delta, and areas around Yangon.  We will see unbearable heat not for weeks but for months of the year.  We will see prolonged drought. We will see unpredictable rains, which combined with intense heat and drought may make agriculture impossible in the Dry Zone and delta. We will see mass extinctions of animal species in Myanmar and the spread of new diseases.

If climate change is not reversed and we move to a 4 degree warmer planet, much of Myanmar may become uninhabitable.  The Irrawaddy delta will be gone as well as most of Rakhine state.  Yangon will be an island.  The centre of the country will be too hot for humans and most animals to live.  We will see migration by millions or tens of millions of people.  Bangladesh will also be in severe crisis and will produce tens of millions of climate refugees.  We may well see a 4 degree warmer world before the end of this century, within the life-time of young people today.

There is reason to hope that humans will take the measures needed to prevent global catastrophe.  New technologies may help find ways to repair the climate.  As cities and economies in the rich countries are increasingly impacted, political leaders may feel compelled to act.

By then it may not be too late to save the rich countries.  But it may be too late for Myanmar.  Myanmar is one of 2-3 countries that will most negatively be impacted by climate change.  It is also the poorest.  

There is an issue of climate justice.  Myanmar has done almost nothing to cause this crisis.  Yet its 55 million people, overwhelmingly poor men, women, and children, will bear the brunt of what is to come.  Myanmar does not have the resources to address this alone.  Myanmar should be demanding massive financial assistance, to prepare for the future.

The UK and Ireland have declared a climate emergency.  If there's any country that should do the same it's Myanmar.  All our planning for the future should be with climate change in mind - from where we plan our cities and major infrastructure to how best to protect the poorest and most vulnerable.  

Myanmar should also be at the forefront of countries working internationally for stop climate change.  We should be at the forefront of demanding action now, before the world reaches the 1.5 degree tipping point.  We should help lead multilateral discussions and help make climate change the number one issue at the UN.  

This fight in the face of global climate change is the world's top story.  Together with a fight for equality and an end to poverty, it should also be the story that should unite all of Myanmar's peoples. We need the strongest possible collective action, connected to global efforts, to face the challenges to come.   Soon, we will run out of time.


0 views

©2019 by Thant Myint-U.