top of page
Search
  • Writer's pictureThant Myint-U

'' ဖွံ့ဖြိုးမှု ပြန်လည်ပုံဖော်ခြင်း''

Updated: Feb 7, 2021

13 JULY 2020   |  7 DAYS NEWS


မြန်မာနိုင်ငံ၏ ပထမဦးစား ပေးသည် တိုင်းပြည်၏ စီးပွားရေးစနစ် အလျင်အမြန် ဖွံ့ဖြိုးလာစေရေး (Development) ဖြစ်သင့်ပါ သည်။ မြန်မာနိုင်ငံသည် ချမ်းသာ သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် အလားအလာရှိပါသည်။ မူဝါဒ များနှင့် ထိုမူဝါဒများကို အကောင် အထည်ဖော်မည့် အဖွဲ့အစည်း ယန္တရားများ (Institutions) အချိုး အစားမျှပါက မျိုးဆက်တစ်ခုအ တွင်း ချမ်းသာလာနိုင်သည်။ ဒီမို ကရေစီသို့ အောင်မြင်စွာ ကူး ပြောင်းနိုင်ရေးအတွက် မလွဲ မသွေပြုလုပ်ရမည်မှာ ဖွံ့ဖြိုးတိုး တက်ရေးဆီသို့ အရောက်ပို့ ဆောင်ပေးမည့် လမ်းကြောင်းမှန် ကို ရှာဖွေခြင်းဖြစ်ကာ တစ်ချိန် တည်းမှာပင် တန်းတူညီမျှမှုမရှိ ခြင်းကို တိုက်လှန်သည့် စီမံချက် များကို တစ်ပါတည်း အကောင်အ ထည် ဖော်ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအနေနှင့် အချိန်မဖြုန်းသင့် တော့ပါ။


အရေးကြီး နားလည်ရမည့် အချက်မှာ စီးပွားရေးတိုးတက်မှု (Economic growth) တစ်ခု တည်းနှင့် တိုင်းပြည်ကို ဖွံ့ဖြိုးလာ စေလိမ့်မည်မဟုတ်ပါ။ နိုင်ငံစီး ပွားရေးမှာ တစ်နှစ်လျှင် ၅ ရာခိုင် နှုန်း (သို့မဟုတ်) ၁၀ ရာခိုင်နှုန်း ဖြင့် ကြီးထွားလာနိုင်သော်လည်း ဖွံ့ဖြိုးမှု (Development) မဖြစ် လာသည်လည်း ရှိနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရှိရှိသမျှ သစ်တော လက်ကျန်များကို ရောင်းပစ်လိုက်ကာ စီးပွားရေး တိုးတက်သွားအောင် လုပ်နိုင်ပါ သည်။ ပြည်ပသို့ ဆန်စပါးတင် ပို့မှုကို နှစ်ဆတိုးမြှင့်လိုက်ကာ စီးပွားရေး တက်လာစေနိုင်ပါ သည်။ နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်၍ စက်ရုံများ တည် ထောင်စေပြီး မြန်မာအလုပ်သ မားများကို အခြေခံလစာပေး အလုပ်ခန့်စေမည်ဆိုလျှင်လည်း  စီးပွားရေး တက်လာနိုင်ပါသည်။ သို့ရာတွင် ဤသည်မှာ တိုင်းပြည် ဖွံ့ဖြိုးမှု (Development) မဟုတ် ပါ။ ဖွံ့ဖြိုးမှုအတွက် လျင်မြန်ပြီး  ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုများ  (Sustainable development)  လိုအပ်ပါသည်။ ဖွံ့ဖြိုးမှု (Development)နှင့် တိုးတက်မှု (Growth) တစ်ထပ်တည်း ကျသည်ဟု မဆိုနိုင်ပါ။


ဖွံ့ဖြိုးမှုဟူသည်မှာ စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို အသွင်ပြောင်းခြင်း (structural transformation) ဖြစ်သည်။ ကျေးလက်ဒေသ လယ်ယာစိုက် ပျိုးရေးအခြေပြုကာ ကျွမ်းကျင်မှု  အဆင့်နိမ့်လုပ်သားများနှင့်  လုပ် အားခနိမ့်ကျသည့် စီးပွားရေး စနစ်မှသည် မြို့ပြဒေသစက်မှု လုပ်ငန်း အခြေပြုကာ အတတ် ပညာသည် လုပ်သားများနှင့် လုပ် အားခမြင့်မားသည့် စီးပွားရေး စနစ်သို့ ကူးပြောင်းခြင်းဖြစ်သည်။ ဖွံ့ဖြိုးမှုသည် မြန်မာကုမ္ပဏီများ (အစိုးရပိုင်၊ သမဝါယမပိုင်၊ သို့ မဟုတ် ပုဂ္ဂလိကပိုင်)သည် ဖွဲ့ စည်းပုံယန္တရားများဖြင့် လုပ်ငန်း စီမံခန့်ခွဲခြင်းဘက်တွင် တတ် မြောက်ပြီး ပိုပို၍ ရှုပ်ထွေးဆန်း ကြယ် ကုန်ပစ္စည်းများကို ထုတ် လုပ်နိုင်ခြင်းကို ဆိုလိုသည်။


ဖွံ့ဖြိုးမှုဆိုသည်မှာ ကုန် ပစ္စည်းများ ပြုလုပ်ဖန်တီးနိုင်သည့် ကုန်ထုတ်လုပ်မှုကဏ္ဍကို ဖွံ့ဖြိုး အောင် ပြုလုပ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ရှုမြင်တွေးခေါ်ပုံ များကို ပြောင်းလဲကာ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင်  ကျွမ်း ကျင်တတ်မြောက်မှုအတွက် ပျိုး ထောင်ခြင်းဖြစ်သည်။ တိုင်းပြည် တစ်ခုသည် စိုက်ပျိုးရေးနှင့် ဝန် ဆောင်မှုကဏ္ဍကို အခြေပြုပြီး ဖွံ့ဖြိုးမလာနိုင်ပါ။ နယူးဇီလန် နိုင်ငံကဲ့သို့ စိုက်ပျိုးရေးကဏ္ဍကို အလေးပေးသည့် ချမ်းသာသော နိုင်ငံသည်ပင် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးလာခဲ့သည်။ ဆိုလိုသည်မှာ ထိုနိုင်ငံ၌ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများက ပြည်တွင်းစားသုံး ရန်အတွက်သာမက နိုင်ငံခြားသို့  တင်ပို့ရောင်းချရန် အထူးသဖြင့်  ရည်ရွယ်ပြီး ကုန်ပစ္စည်းများကို ထုတ်လုပ်ကြခြင်းဖြစ်သည်။


အီကွေတာဂီနီနိုင်ငံ (Equitorial Guinea)သည် အာဖရိက တွင် လူတစ်ဦးချင်းဝင်ငွေ (per capita GDP) အများဆုံးနိုင်ငံ ဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများ က ရေနံတွေ့ရှိပြီး ပြည်ပပို့ကုန် အဖြစ် တင်ပို့နေကြခြင်းကြောင့် ဖြစ်သည်။ သို့သည်တိုင် ထိုနိုင်ငံ မှာ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုမဟုတ် ပါ။ အကယ်၍ တစ်နေ့နေ့တွင် နိုင်ငံခြားကုမ္ပဏီများ စွန့်ခွာသွား ပါက နိုင်ငံတွင် ဘာမှကျန်ရှိမည် မဟုတ်။ ဒုတိယကမ္ဘာစစ်အပြီး ပြာကျလုနီးပါး ဖြစ်သွားသော ဂျာမနီနိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံးသော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်သွား ခဲ့သည့်တိုင် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်  ဆက်လက် ရပ်တည်နေခဲ့သည်။ နိုင်ငံတွင်း၌ စည်းစနစ်ကျကျ စီမံခန့်ခွဲ လုပ်ငန်းလည်ပတ်ရန် အဖွဲ့အစည်းယန္တရား တည် ထောင်တတ်သည့်အပြင် အသိ ပညာလည်း ရှိထားသည်။ နှစ်အနည်းငယ်အတွင်း  ကုန်ထုတ်လုပ် မှုကဏ္ဍကို ပြန်လည်ထူထောင် နိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး အင်အား ကြီးနိုင်ငံတစ်ခု ပြန်ဖြစ်လာခဲ့ သည်။ ဖွံ့ဖြိုးမှုဆိုသည်မှာ လွယ်ကူ လှသည်တော့မဟုတ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာခဲ့သော အနောက် နိုင်ငံ မဟုတ်သည့် နိုင်ငံများကို ရေတွက်လျှင် ခုနစ်ခုပင် မပြည့် ပေ။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ (အနောက် နိုင်ငံဟု မသတ်မှတ်ကာ ထည့် တွက်လျှင်) ဆိုဗီယက်ပြည် ထောင်စုနှင့် အစ္စရေးစသည့်နိုင်ငံ များ ဖြစ်ကြသည်။ ယနေ့ခေတ် တရုတ်နိုင်ငံသည်လည်း ၎င်းတို့ နှင့် ပခုံးချင်းယှဉ်နိုင်ရန် အစွမ်း ကုန် ကြိုးပမ်းလျက်ရှိသည်။


မြန်မာနိုင်ငံအတွက် အခြေ ခံကျသော မေးခွန်းတစ်ခုမှာ ဖွံ့ ဖြိုးပြီးနိုင်ငံ ဖြစ်လာအောင် ကြိုး စားကြလိုသလားဟု ဖြစ်သည်။ မလုပ်နိုင်စရာလည်း အကြောင်း  မရှိပါ။ ထို့အပြင် မြန်မာနိုင်ငံအနေ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ဖြစ်သင့် သည့် အကြောင်းရင်းများစွာ ရှိပါ သည်။ ပထမအကြောင်းမှာ ရာ သီဥတုပြောင်းလဲလာမှု (Climate change) ဖြစ်ပါသည်။ ကမ္ဘာကြီး က ပူနွေးလာနေပါပြီ။ ရလဒ်အ နေဖြင့် နောင်အနှစ် ၂၀၊ ၃၀ အ တွင်း မြန်မာနိုင်ငံသည် ကပ်ဘေး ဒဏ်မျိုးစုံ ခံရနိုင်သည်။ စိုက်ပျိုး ရေးကိုသာ အားထားသည့် ဆင်း ဆင်းရဲရဲ နိုင်ငံတစ်ခုအဖြစ်သာ ရှိနေဦးမည်ဆိုလျှင် ရာသီဥတု ပြောင်းလဲလာမှု၏ နောက်ဆက် တွဲသက်ရောက်မှုကို နင့်နေ အောင် ခံရပါလိမ့်မည်။ ဒုတိယ အကြောင်းမှာ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကဲ့သို့ အခြားသော အန္တရာယ်များဖြစ်သည်။ ဆင်း ရဲသော နိုင်ငံတစ်ခုအနေဖြင့် မည် မျှ အကာအကွယ်မဲ့ရကြောင်း ယနေ့ ကျွန်ုပ်တို့ မျက်မြင်ကိုယ် တွေ့ ကြုံရပြီဖြစ်သည်။ တတိယ အကြောင်းမှာ တရုတ်နိုင်ငံနှင့် ပြောင်းလဲလာလျက်ရှိသော ပထ ဝီဝင်နိုင်ငံရေး အနေအထားများ ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထက် ၁၀ ဆနီးပါး ပိုချမ်းသာနေပြီး စက် မှုအင်အားကြီးနိုင်ငံအဖြစ် မြန် ဆန်စွာ ကြီးထွားလာနေပါသည်။


မြန်မာပြည် ဖွံ့ဖြိုးလာရန် လိုအပ်ချက်သည် နိုင်ငံတော်လုံ ခြုံရေးနှင့် တိုက်ရိုက်ဆက်စပ်နေ ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ကျသွားပြီး နောက်ပြန်လှည့် လျှင် လှည့်နိုင်ခြေရှိနေချိန်တွင် မြန်မာပြည်အနေနှင့် စတီးနှင့် ဆေးဝါးကဲ့သို့ အရေးကြီးထုတ် ကုန်များကို ကိုယ်တိုင်ထုတ်လုပ် နိုင်သင့်ပါသည်။ မြန်မာပြည်တွင် ကိုယ်တိုင် ချည်ထည်ရက်လုပ် ခြင်း စခဲ့ကြသည်မှာ လွန်ခဲ့သည့်  နှစ်ထောင်သောင်းချီက ဖြစ် သည်။ ယခုမူ ပြည်တွင်းရှိ အ ထည်ချုပ်စက်ရုံများအတွက် အထည်အလိပ်ကိုပင် မထုတ်လုပ်နိုင်ပါ။


လွတ်လပ်သော ဈေးကွက် များနှင့် ကူးသန်းရောင်းဝယ်မှုကို အားကိုးရုံဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ် လာသည့်သာဓက မရှိသလောက် ပင်ဖြစ်သည်။ ၁၈ ရာစုက အင်္ဂ လန်နိုင်ငံ၊ ၁၉ ရာစုက အမေရိ ကန်နှင့် ဂျာမနီနိုင်ငံ၊ ၁၉ ရာစုနှင့် ၂၀ ရာစုများက ဂျပန်နိုင်ငံ၊ ၂၀ ရာစုက တောင်ကိုရီးယား၊ ထိုင် ဝမ်နှင့် စင်ကာပူ စသည့် နိုင်ငံများ အားလုံး ကုန်ထုတ်လုပ်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကို အကာအကွယ်ပေးခဲ့ကြသည်။ ဆယ်စုနှစ်များစွာ ပြိုင်ဘက်ပြည်ပကုမ္ပဏီများကို အခွန်မြင့်မားစွာကောက်ခံသည်။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်ကာပူတို့ အားလုံး၌ တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မြေတောင်မြှောက်ပေးရန် စီမံကိန်းကိုယ်စီ ရှိခဲ့ကြသည်။ အချို့နိုင်ငံများမှာ တောင်ကိုရီးယားရှိ ဒေဝူး (Daewoo)၊ ဆမ်ဆောင်း (Sam-sung)ကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီကြီးများကို မွေးထုတ်ကြသည်။ အချို့မှာ စင်ကာပူရှိ ဆင်းတဲ (Singtel)၊ စင်ကာပူလန်း (Singapore Land)ကဲ့သို့ အစိုးရပိုင်ကုမ္ပဏီကြီးများ တည်ထောင်ခဲ့ကြသည်။ ထိုနိုင်ငံအားလုံးသည် ပြည်ပပို့ကုန်များကို အဓိကထားခဲ့ကြသည်။  ပို၍ အရေးကြီးသည်မှာ လွတ်လပ်သည့် ဈေးကွက်များကို အားကိုးနေခြင်းမဟုတ်ဘဲ အမျိုးသားအဆင့် မဟာဗျူဟာများ ချမှတ်ကာ ရှိနေသော ဈေးကွက်များကို စနစ်တကျ အသုံးချခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံအနေနှင့် ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ် များအတွင်း ဖိလစ်ပိုင်နိုင်ငံ ကြုံခဲ့ ရသလို အဖြစ်အပျက်မျိုး ဖြစ် မလာအောင် သတိချပ်ရမည်။ ဒီမိုကရေစီစနစ်နှင့် တစ်ပါတည်း လွတ်လပ်သော ဈေးကွက်စီးပွား ရေးများ ပေါ်ပေါက်လာရမည်ဟု ယင်းတို့ ယုံကြည်ခဲ့ကြသည်။ လာဘ်စားပြီး ဖိနှိပ်လွန်းသော  အစိုးရမျိုးကိုသာ ကြုံဖူးသဖြင့် စီးပွားရေးစနစ်တွင် အစိုးရ ပါဝင် စွက်ဖက်မည်ကို ဖိလစ်ပိုင်တို့ မလိုလားခဲ့ကြ။ လွတ်လပ်သော ဈေးကွက်များကိုသာ အားကိုးနိုင်မည်ဟု ယူဆခဲ့ကြသည်။ ရလဒ်မှာမူ လူချမ်းသာ စီးပွားရေးလုပ်ငန်းရှင် မိသားစုအနည်းငယ်နှင့် နိုင်ငံခြားကုမ္ပဏီများ ကြီးစိုးခြယ်လှယ်နေသာ စီးပွားရေးစနစ် ပေါ်ပေါက်လာခဲ့ပြီး ဖွံ့ဖြိုးမှုဆိုသည် ဖြစ်မလာခဲ့ချေ။


 အရှေ့အာရှတွင် အောင် မြင်ခဲ့သော နိုင်ငံအားလုံး  စက်မှု လက်မှုလုပ်ငန်းများဆီသို့ဦးတည် သွားသည့် ဗျူဟာတစ်ရပ်စီရှိခဲ့ကြ သည်။ ထိုဗျူဟာများ ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုလုပ်မည့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များလည်း ရှိကြသည်။ အစိုးရ ကိုယ်တိုင်က နိုင်ငံ၏အဓိကစွန့်ဦး တီထွင်သူဖြစ်လာသည်။ ဖွဲ့စည်း တည်ဆောက်ပုံ ပြုပြင်ပြောင်းလဲ ခြင်း၊ တစ်နည်းအားဖြင့် ဗျူရိုက ရေစီစနစ်ကို အသွင်ပြောင်းခြင်း တွင် အောင်မြင်ခဲ့ကြခြင်း၏ အဓိ ကသော့ချက်ဖြစ်သည်။ ထိုနိုင်ငံ များအားလုံးတွင် အသိပညာတိုး မြှင့်ရေးကို စီမံဆောင်ရွက်ပေးနိုင်သော အဖွဲ့အစည်းများ ရှိကြ သည်။ နိုင်ငံခြားကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းကုမ္ပဏီများ ဖွံ့ဖြိုးရေး၊ ပြည်တွင်း အသိပညာတိုးတက် ရေးဆိုင်ရာ ဗျူဟာနှင့် ဆက်စပ်မှု ရှိအောင် ထိုအဖွဲ့အစည်းများက ဆောင်ရွက်ကြသည်။ (နိုင်ငံအ တော်များများတွင် အစိုးရပိုင်ဖြစ်သော) ဘဏ်များက ထိုအမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်သူများဖြစ်ကြသည်။


အရေးကြီးသည့် အချက်မှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ရွက်ရာတွင် အစိုးရသည် မှန်ကန်သော အခန်းကဏ္ဍမှ ပါဝင်ရမည်။ အများပြည်သူ အကျိုးစီးပွားကိုသာ ရှေးရှုပြီး ဆောင်ရွက်ရမည်ဟု ဆိုလိုသည်။ အဂတိလိုက်စားမှုနှင့်  ပွဲခကို အညွန့်ခူးစား၊ ဈေးကွက် ကစားနိုင်သော အခွင့်အလမ်းများ ကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက တိုင်းပြည်စီးပွားရေးတွင် အစိုးရ ပိုင်းမှ ပါဝင်ပတ်သက်မှု များလေ လေ ထိပ်ပိုင်းရှိ အထက်တန်းလွှာ လူတစ်စုသာလျှင် အကျိုးဖြစ်သွား လိမ့်မည်။  အစိုးရဒီမိုကရေစီ ဖြစ် လေလေ၊ တိုင်းပြည်ဘဏ္ဍာငွေ သုံးစွဲမှုများ ပိုမိုမြင်သာမှု ရှိလေ လေ၊ ဆုံးဖြတ်ချက်ကောင်းများ ပိုချနိုင်လေလေဖြစ်မည်။


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေး နှင့် ပတ်သက်လာလျှင် မအောင် မြင်ခဲ့သည့် သမိုင်းကြောင်း ရှိပေ သည်။ မင်းတုန်းမင်းနှင့် ကနောင် မင်းသားတို့၏ လက်ထက်တွင် နိုင်ငံကို ခေတ်မီဖွံ့ဖြိုးစေရန် ကြိုး ပမ်းခဲ့သော်လည်း ဗြိတိသျှနှောင့် ယှက်မှုများကြောင့် မအောင်မြင် ခဲ့။ ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ စဉ်က တိုင်းပြည်စီးပွားရေးမှာ သဘာဝသယံဇာတများကို ထုတ် ယူသုံးစွဲပြီး အခြေခံကုန်စည်များ  တင်ပို့ရောင်းချခြင်း သက်သက် သာ ဖြစ်သည်။ ပြည်ပပို့ကုန်အ တွက် အခြေခံအဆောက်အအုံ များသာ တည်ဆောက်ခဲ့ပြီး ဖွံ့ဖြိုး မှုမရှိခဲ့ချေ။ ဗြိတိသျှနှင့် အိန္ဒိယ ကုမ္ပဏီများနိုင်ငံမှ ထွက်ခွာသွား ကြသောအခါ ၎င်းတို့ကို အစား ထိုးမည့် မြန်မာအဖွဲ့အစည်းများ မရှိနေခဲ့။ လွတ်လပ်ရေး ရပြီး နောက် အစိုးရများက ဦးဆောင် ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများ ကြိုး ပမ်းခဲ့ကြသော်လည်း အောင်မြင် မှုမရခဲ့။ ထိုသို့ဖြစ်ရခြင်းမှာ ပူးတွဲ ရှိနေသည့် တံခါးပိတ်မူဝါဒများ ကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ် သည်ဟု ဆိုရမည်။ ၁၉၉၀ ပြည့် နှစ်များနောက်ပိုင်း မြန်မာနိုင်ငံ သည် ပြည်ပသို့ တွင်းထွက်သယံ ဇာတများနှင့် ဈေးပေါပေါ လုပ် သားများကို တိုး၍ တင်ပို့ခြင်းမှ စီးပွားရေး အနည်းငယ်မျှတိုးတက် လာသော်လည်း ဖွံ့ဖြိုးမှုမရှိခဲ့။ ကမ္ဘာတစ်ဝန်းမှ ဖြစ်ရပ်များမှ သာမက မိမိတို့၏ သမိုင်းဖြစ်ရပ် များမှလည်း သင်ခန်းစာယူဖို့လိုပါ သည်။


လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း လုပ်ကိုင်စရာ အလုပ်အတော်များများကို ပြီး မြောက်နိုင်ခဲ့ကြသည်။ မူဝါဒဆိုး  အတော်များများကိုလည်း ပြင် ဆင်ခဲ့ကြသည်။ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် အစိုးရ အသုံးစရိတ်ကို (မူလက မဖြစ် သလောက် သုံးနေရာမှ) တိုးမြှင့်ခဲ့ သည်။ ဆင်းရဲမွဲတေမှုကို လျှော့ချ နိုင်ခဲ့ပြီး ပြည်သူတို့၏ လူနေမှုအ ဆင့်အတန်းကို မြင့်တက်လာခဲ့ သည်။ ထိုအရာများအားလုံး အ လွန်အရေးကြီးလှသည်မှာ မှန် သော်လည်း ထိုမျှဖြင့် ဖွံ့ဖြိုးမှု ဖြစ် မလာနိုင်သေးပါ။

ပထမဆုံးအနေဖြင့် ဖွံ့ဖြိုး တိုးတက်ပြီး မြန်မာ့စီးပွားရေး စနစ်သည် မည်သည့် သွင်ပြင်၊ အနေအထား ရှိရမည်ကို ရည် မှန်းထားဖို့လိုသည်။ တိုင်းပြည် စီးပွားရေးအတွက် မည်သည့် ကဏ္ဍသည် မရှိမဖြစ်လိုအပ် သည် (ဥပမာ - ခေတ်မီကျန်းမာ ရေးစနစ်)၊ မည်သည့်ကဏ္ဍသည် အရေးကြီးသည် (ဥပမာ - အမွေ အနှစ်များ ထိန်းသိမ်းစောင့် ရှောက်ခြင်း) စသဖြင့် တွေးဆ သင့်ပေသည်။ ပြောင်းလဲနေသည့် ကမ္ဘာ့ဈေးကွက်များနှင့် အသစ် အသစ်သော သိပ္ပံနှင့် နည်းပညာ ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ကြည့်သင့်သလို မည် သည့်ကုန်ထုတ်လုပ်မှု နယ်ပယ် များကို အားကောင်းလာအောင် ပြုလုပ်ပေးရမည်ကို ခွဲခြားသိမြင် သင့်သည်။ စက်မှုလုပ်ငန်းများ သည် အဓိကဖြစ်သင့်သော်လည်း စပ်ကူးမပ်ကူးကာလတွင် စိုက်ပျိုး ရေးသည်လည်း အရေးကြီးသော  အခန်းကဏ္ဍအဖြစ် ဆက်လက် ရှိနေနိုင်ပါသည်။ လယ်ယာစိုက် ပျိုးရေးဖြင့် အလုပ်အကိုင်များ ဖန်တီးကာ ဝင်ငွေများကို တိုးမြှင့် နိုင်သည်။ အောင်မြင်ခဲ့သည့် အရှေ့အာရှနိုင်ငံများအားလုံး ဖွံ့ ဖြိုးမှု၏ ကနဦးကာလတွင် တန်ဖိုး မြင့်သီးနှံထွက်ကုန်များကို အဓိက ထားသည့် အသေးစား စိုက်ပျိုး ရေး (ဥပမာ - ဥယျာဉ်စိုက်ပျိုးရေး Horticulture)များကို အားကိုးခဲ့ ရသည်။


အရေးကြီးသည့် နောက် တစ်ချက်မှာ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့်အတူ အဆင်းရဲဆုံး၊ အထိခိုက်လွယ်ဆုံးသော ပြည်သူ များ ခေါင်းပုံဖြတ်အမြတ်ထုတ် ခံရခြင်းမှ အကာအကွယ်ပေး သည့် မူဝါဒများကို ပူးတွဲချမှတ် ရမည်။  အနည်းဆုံးတော့ ပြည်သူ တိုင်းတော်သင့်သည့် လူနေမှု အဆင့်အတန်းရရှိအောင် ဆောင် ရွက်ပေးရမည်။ မြန်မာပြည်သူ ပြည်သားများ ဆင်းဆင်းရဲရဲ နေ ကြရသည်မှာ သူတို့ တစ်သက် တာလုံး မမျှတစွာ ဆက်ဆံခံရ သောကြောင့် ဖြစ်သည်။ ပို၍ တရားမျှတ၊ တန်းတူညီမျှသော လူ့အဖွဲ့အစည်းက ဖွံ့ဖြိုးမှုကို တစ်ဖန် ပြန်လည်အားဖြည့်ပေး ပါလိမ့်မည်။

ဤအကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးအဖြေရှာ ခြင်းသည် မြန်မာ့ဒီမိုကရေစီ၏ ရှေ့တန်းတွင် ရှိနေသင့်ပါသည်။ စီးပွားရေးဆိုင်ရာ ရွေးချယ်မှုများ သည် ကျွမ်းကျင်ပညာရှင်များ ပြု လုပ်ရမည့် အရေးကိစ္စများဖြစ် သည်ဟုသာ ပြည်သူများ မသိ ထားသင့်ပါ။ မည်သည့်ကဏ္ဍများ ကို ပျိုးထောင်ပေးမည်၊ မည်သို့ သော လူ့အဖွဲ့အစည်းကို ပုံဖော် ဖန်တီးကြမည် စသည်တို့မှာ နိုင်ငံ ရေးဆုံးဖြတ်ချက်များ ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ပေါ် အခြေခံသည့် မန္တလေးမြို့နှင့် ကုန်ထုတ်လုပ်မှုကို အခြေခံသည့် မန္တလေးမြို့တို့သည် များစွာကွာ ခြားသွားနိုင်ပါသည်။ အနာဂတ် စီးပွားရေးများကို ဆွေးနွေးငြင်းခုံ ကြခြင်းကပင် ဒီမိုကရေစီ၏အနှစ် သာရအမှန်ပင်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖယ်ဒရယ်ဝါဒ ကျင့်သုံး ရေး ဆွေးနွေးမှုများ၏ ဗဟိုချက်မ တွင် ရှိနေသင့်သည့် အကြောင်း အရာလည်း ဖြစ်ပါသည်။


ယခု ကိုဗစ်-၁၉ အကျပ်အ တည်းကြောင့် ဘေးအန္တရာယ်များ စွာ ကြုံတွေ့လာရသလို အခွင့်အ လမ်းသစ်များလည်း ပေါ်ထွက် လာပါသည်။ စီးပွားရေးကဏ္ဍ အားလုံးနီးပါး အတော်ပင် ကျပ် တည်းနေကြရကာ အလုပ်အကိုင် သန်းချီဆုံးရှုံးခဲ့ပြီး (သို့မဟုတ်) နောင်လာမည့် လများအတွင်း ဆုံးရှုံးကြပါဦးမည်။ ကမ္ဘာအရပ် ရပ်ရှိ အစိုးရများက ဒေါ်လာ ထရီ လီယံချီကာ ထုတ်သုံးပြီး တုံ့ပြန် ဆောင်ရွက်နေကြချိန်တွင် မြန်မာ နိုင်ငံအနေနှင့် ဒေါ်လာ ဘီလီယံချီ အသုံးပြုနိုင်သည့် အခွင့်အရေးရှိနေပါသည်။ ဗဟိုဘဏ်၏ ရန်ပုံငွေအပါအဝင် မိမိအိတ်ထဲမှ ထုတ်သုံးနိုင်ပါသည်။ သို့ရာတွင်  မဟာဗျူဟာကျကျ  အသုံးပြုသင့်ပေသည်။ စက်မှုကဏ္ဍသစ်များသာမက အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ပြီး နိုင်ငံကိုလည်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့ တင်ပို့ပေးနိုင်သည့် နည်းလမ်းဖြစ်သင့် သည်။


ထပ်တလဲလဲ ပြောခဲ့သည့်အ တိုင်း ရှုမြင်တွေးခေါ်ပုံများ၊ လူ့ စွမ်းအားရင်းမြစ် စီမံခန့်ခွဲပုံနှင့် တွန်းအားပေး လှုံ့ဆော်ပုံ စသည့် အပိုင်းများ၌ အပြောင်းအလဲ ဖြစ် စေမည့် ဗျူရိုကရေစီစနစ် ပြုပြင် ပြောင်းလဲရေး မပြုလုပ်နိုင်ဘဲနှင့် မည်သည့် ဖွံ့ဖြိုးမှုမဟာဗျူဟာမှ အောင်မြင်မှု မရရှိနိုင်ပါ။ ရှိရှိသမျှ  အရာအားလုံးကို ညတွင်းချင်း ပြောင်းလဲပစ်ရမည်ဟု မဆိုလိုပါ။ သို့သော် ဖွံ့ဖြိုးမှုအတွက် အဓိက ကျသော ဗျူရိုကရေစီ၏ အစိတ် အပိုင်းများကို ပစ်မှတ်ထားပြောင်း လဲပစ်ရမည်ဟု ဆိုလိုပါသည်။

မြန်မာနိုင်ငံသည် အလား အလာကောင်းများ ရှိပါသည်။ လိုအပ်သည့် အဆာပလာများက လည်း အဆင်သင့်ရှိနေပါသည်။ စိန်ခေါ်မှုများကလည်း အရေးတ ကြီးဖြစ်နေပါသည်။ နိုင်ငံလုံခြုံ ရေး ထိပါးခံလာရနိုင်ပါသည်။ ကနောင်မင်းသား၏ လက်ထက် တုန်းကကဲ့သို့ ဖွံ့ဖြိုးမှုအတွက် အင်တိုက်အားတိုက် တွန်းကြဖို့ လိုအပ်နေပါသည်။ အခြားနိုင်ငံ များ၏  ဖွံ့ဖြိုးမှုအတွေ့အကြုံများ ထံမှ မှတ်သားလေ့လာသလို မိမိ သမိုင်းကြောင်းမှ သင်ခန်းစာယူ မည်ဆိုလျှင် မြန်မာနိုင်ငံအနေနှင့် စီးပွားရေး အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်သို့ အလျင် အမြန် ရောက်သွားနိုင်ပါသည်။ မဟာဗျူဟာအသစ် တစ်ခုရှိမည် ဆိုလျှင် ယနေ့ မြန်မာ့ရင်သွေးငယ်များ အကောင်းဆုံးသော မနက်ဖြန်ကို ရရှိနိုင်ပေသည်။     ။



914 views0 comments

Recent Posts

See All

မြန်မာနိုင်ငံ ဘာဆက်ဖြစ်ဦးမလဲ?

များမကြာမီက အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်မှာ အာဏာကိုသာ ခွဲထုတ်ယူကာ ကျန်သည့် အရေးအရာ အားလုံးကို လုပ်မြဲအတိုင်း ဆက်လုပ်စေရန် ရည်ရွယ်ခဲ့သည်။...

Comentarios


bottom of page